ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

 02/13/2019 - 18:42

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

တောင်ကြီး    ဖေဖော်ဝါရီ  ၁၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၂၉ )ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြု ကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၉ )ဦးရှိပြီး အစည်းအဝေးသို့ ( ၁၁၁ )ဦး တက်ရောက်သဖြင့် ( ၇၉.၂၉ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်( ၆ )ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “မိုင်းလုံမြို့အတွက် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေး 11KV (၁၀)မိုင်ဆောင်ရွက်ခြင်းနှင့် (၄၀၀)ဗို့လိုင်း၊ ထရန်စဖော်မာ(၆)လုံး တည်ဆောက်ခြင်း လုပ်ငန်းများအား မည်သည့်အချိန်ကာလတွင်  ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဂနိုင်ကြားနှင့် ကျောက်တန်းကျေးရွာ မူလတန်းကျောင်းဆောင်များတွင် ပြုပြင်ထိန်းသိမ်းစရိတ်များဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/ မရှိ”“ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၉)ရွာနှင့် အုတ်ကျင်းရတနာ မဂ္ဂင်တရားရိပ်သာတို့ကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ”၊ “ရပ်စောက်မြို့နယ်အတွင်းရှိ ကြာအင်း- မြောင်းတော်- သနပ်တောင်- ဝန်စို လမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ဝန်စိုကျေးရွာဘက်မှ စတင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှ လည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က “ဂျာမနီနိုင်ငံ၊ KFW အဖွဲ့မှ ဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းများ စီစဉ်ဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ မှ လည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “မိုင်းကိုင်မြို့နယ်ရှိ စာရင်းစစ်ရုံးတွင် ဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မွန်းက “ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းနှင့် မော်ဆောင်းကျေးရွာကြား ကျေးရွာချင်းဆက် မြေသားလမ်းကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ် ရှိ/  မရှိ”၊ “ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု၊ ကာလိုင်ကျေးရွာနှင့် ဟိုနောင်ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာကြားရှိ မြေသားလမ်း(၂)မိုင်(၂)ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ”၊ “ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာသို့ သွားသော မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/ မရှိ ”နှင့် စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က “သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် ဖြတ်သန်းသွားလာ နေသောယာဉ်များကို ငွေကြေးကောက်ခံနေခြင်း”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်း များ၏၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများနှင့် စပ်လျဉ်း၍ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက ဆွေးနွေးတင်ပြပြီး ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အတွင်းရေးမှူး သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီးနောက် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ရှမ်းပြည်နယ် သဘာဝရေထွက်တော၊ ရေထိန်းတော ထိန်းသိမ်းကာကွယ်ရေး ဥပဒေ (မူကြမ်း)အား ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က လွှတ်တော်သို့တင်သွင်းခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘောတူသဖြင့် ယင်းဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးလိုသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား  ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နောက်ဆုံးထား၍  ပြည်နယ်လွှတ်တော် ရုံးသို့ ပေးပို့နိုင်ပါကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာသည်။

၎င်းနောက် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ တင်သွင်းသည့် “နှစ်စဉ်ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ဌာနအသီးသီးမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုအလိုက် အရစ်ကျငွေတောင်းခံသည့်အခါတိုင်း ရှမ်းပြည်နယ်အစိုးရမှ ဖွဲ့စည်းထားသော လုပ်ငန်း အရည်အသွေး စစ်ဆေးရေးအဖွဲ့နှင့် လုပ်ငန်းပြီးစီးမှုစစ်ဆေး ရေးအဖွဲ့တို့၏ ထောက်ခံချက်အပြင် သက်ဆိုင်ရာဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ပါမှသာ လက်ခံဆောင်ရွက်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်၊  နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊   မိုးမိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီဝင်း၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းနှင့် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်တို့မှ အသီးသီး အကြံပြုဆွေးနွေးခဲ့ကြပြီး အဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

ယင်းနောက် အဆိုရှင်က ၎င်း၏အဆိုနှင့်ပတ်သက်၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်ခလုတ်နှိပ် မဲစနစ်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ  ထောက်ခံမဲ များသဖြင့် ယင်းအဆိုအား အတည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက “ရှမ်းပြည်နယ်တွင်းရှိ သယံဇာတထုတ်ယူသော စီမံကိန်းလုပ်ငန်းများနှင့် အခြားမည်သည့် စီမံကိန်းလုပ်ငန်းများမဆို သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှု (Environment Impact Assessment)နှင့် လူမှုအကျိုးသက်ရောက်မှု (Social Impact Assessment)စသည့် လုပ်ငန်းစဉ်များ စနစ်တကျလေ့လာဆန်းစစ်ချက်များပြုလုပ်ပြီး ယခင် ထက်ပိုမို၍ ပွင့်လင်းမြင်သာမှုရှိသောအားလုံးပူးပေါင်းပါဝင်မှုဖြင့် အားစိုက်အကောင်အထည် ဖော်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ထောက်ခံဆွေးနွေးကာ ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ယင်းအဆိုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ  (၁၄) ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက  ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင် ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့) သည် နေ့လယ် ( ၁၂:၂၅ )နာရီအချိန်တွင် ပြီးမြောက်ခဲ့ပြီး အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ် ပါသည်။

date for calender: 
Wednesday, February 13, 2019 - 18:30

Theme Colors

Please select the following colors to preview different color schemes of the theme.