ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

 02/08/2019 - 15:15

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

 

တောင်ကြီး    ဖေဖော်ဝါရီ  ၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဖေဖော်ဝါရီလ (၈)ရက် နံနက် (၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         ပထမဦးစွာ အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဗိုလ်ကြီးဟန်လင်းထွန်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၃၁  )ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြား ပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(   ၃၁ )ဦးရှိပြီး အစည်း အဝေးသို့ (  ၁၀၉    )ဦး တက်ရောက်သဖြင့် (   ၇၇.၈၆     )%  ရှိသောကြောင့် အစည်း အဝေး အထမြောက်ကြောင်းနှင့် ပထမနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာ ပါသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကားပြောကြား ပါသည်။

          ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမ အခန်းကဏ္ဍ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးညီလေးချမ်းက “ရှမ်းပြည်နယ်အတွင်း  HIV/AIDS  ​ရောဂါရှိသူ မည်မျှရှိပြီး၊ မည်မျှသေဆုံးခဲ့ကြောင်းနှင့် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”၊ “ရှမ်းပြည်နယ်အတွင်းတွင် အနာကြီးရောဂါဝေဒနာရှင်မည်မျှရှိပြီး ဆေးကုသမှု အစီအစဉ်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့နယ်၊ အလယ်ချောင်ကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာနှင့် မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာများတွင် (မြစိမ်းရောင်)မွေးမြူရေးအရင်းအနှီး ရန်ပုံငွေများ ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ”၊ “ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ထီးစံကုန်းမူလတန်း ကျောင်းဆောင်ဟောင်း ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ကျောင်းဝင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ”၊ “ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်နှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့ရှိ အခြေခံပညာ အထက်တန်းကျောင်း များသို့ စာဖြေထိုင်ခုံများ ခွဲဝေပေးရန်နှင့် ကောင်းဘို့ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာတစ်ဦးအား ဦးစားပေး လျာထားခန့်အပ် ပေးရန် အစီအစဉ် ရှိ/မရှိ”၊ “ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ လှဲတိုးကျေးရွာ အခြေခံပညာမူလတန်း ကျောင်း တွင် လိုအပ်လျက်ရှိသော KG ကျောင်းဆောင်အား ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ”   နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် က “လွိုင်လင်မြို့နယ်အတွင်းရှိ ဝါးတော၊ လုံအောင်၊ လွိုင်တပ်ကျေးလက်ကျန်းမာရေး ဌာနခွဲ(၃)ခုကို စံချိန်စံညွှန်းနှင့် ကိုက်ညီသော အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များရရှိရေး”၊ “လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာ အုပ်စု၊ ထီကတူးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကို အခြေခံပညာမူလတန်း ကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က “မိုင်းဖြတ် မြို့နယ်အတွင်းရှိ အသည်းရောဂါအတွက် ကုသမှုနှင့် ကာကွယ်ဆေးများ စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

          ထို့နောက် နမ္မတူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းစံဖေ ကွယ်လွန်အနိစ္စရောက်ခြင်းအတွက် ဝမ်းနည်းကြောင်းအဆို တင်သွင်းခဲ့ပါ သည်။

၎င်းနောက် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က “ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရ မြို့နယ်စည်ပင်သာယာရေးကော်မတီများ လေလံပစ်၍ ကောက်ခံလျက်ရှိသော မြို့ဝင်ဘီးခွန်ကြေးများသည် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ပေါ်လျက်ရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ကောက်ခံခြင်း(မပြု)ဘဲ ဖျက်သိမ်းပေးပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”  အဆိုကို တင်သွင်းရာ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက ထောက်ခံ ဆွေးနွေးကာ ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ယင်းအဆိုကို ဖေဖော်ဝါရီလ ( ၁၁ )ရက်နေ့ တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါ က  ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

 

ဆက်လက်၍ “အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)”အား ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း က လွှတ်တော်သို့တင်သွင်းခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘော တူသဖြင့် ယင်းဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးလိုသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား  ၂၀၁၉ခုနှစ်၊ မတ်လ (၈)ရက်နေ့ နောက်ဆုံးထား၍  ပြည်နယ် လွှတ်တော်ရုံးသို့ ပေးပို့နိုင်ပါကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာပါသည်။

         ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို နံနက် ( ၁၁:၅၅ )နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (ဒုတိယနေ့)ကို ဖေဖော်ဝါရီလ(၁၁)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။   

date for calender: 
Friday, February 8, 2019 - 15:00

Theme Colors

Please select the following colors to preview different color schemes of the theme.