ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ International IDEA မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

 02/01/2019 - 15:49

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

International IDEA မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

တောင်ကြီး ဖေဖော်ဝါရီ ၁

          ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်သည် ဇန်နဝါရီလ(၃၁) ရက်နေ့ မွန်းလွဲ(၃) နာရီအချိန်တွင်  International IDEA မှ Ms.Martine Van Mil (Project Implementation Consultant- My Constitution ) နှင့် ဒေါ်ငြိမ်းအိစံ (Parliament Support Consultant) တို့အား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပြီး International IDEA ၏ ‌ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အတွက် ပညာရပ်ပိုင်းဆိုင်ရာအထောက်အပံ့များ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက် ခဲ့ကြပြီး တွေ့ဆုံပွဲကို မွန်းလွဲ (၃) နာရီ (၅၀) မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။

       

date for calender: 
Friday, February 1, 2019 - 15:45

Theme Colors

Please select the following colors to preview different color schemes of the theme.