ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကျင်းပ

 06/18/2018 - 16:22

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကျင်းပ

တောင်ကြီး ဇွန် - ၁၈

 

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကို ဇွန်လ ၁၈ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၃)ဦး ရှိသည့်အနက် (၁၁၃) ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဦး(ကြည်း-၂၆၇၅၉)က ကတိသစ္စာပြုခဲ့ပြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာ ၍ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးပြောင်းလဲတာဝန်ပေးအပ်သည့် တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ အဆိုပြုတင်သွင်းခဲ့ပြီး၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေး အပ်ခြင်းခံရ သည့် ဗိုလ်မှူးကြီးလှဦး( ကြည်း-၂၆၇၅၉ )က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာညီညီအောင်က ရှမ်းပြည်နယ်အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး၊ နံနက်(၁၀) နာရီ(၄၅)မိနစ်အချိန်တွင် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ပြီးမြောက်ခဲ့ပါသည်။

date for calender: 
Monday, June 18, 2018 - 16:15

Theme Colors

Please select the following colors to preview different color schemes of the theme.